ယနေ့ကမ္ဘာ ပေါ်တွင် ပျံ့နှံ့ကူး စက်နေ သော HIV ပိုးသည် နိုင်ငံ ပေါင်းစုံသို့ ရောက်ရှိပြီး ဖြစ်၍ ကူးစက် မှုမခံ ရသေး သော နိုင်ငံဟူ၍ မရှိ တော့လေ။ တစ် ကမ္ဘာလုံး ကူးစက်ခံထားရသူ လူဦးရေ မှာ ၂၀ဝ၈ ခုနှစ်စာရင်းကောက်ယူမှုအရ သန်းပေါင်းလေးဆယ်ကျော်ရှိပြီး ထိုအထဲ တွင် HIV ပိုးကူးစက်ခံထားရသော အသက် ၁၅ နှစ်အောက် ကလေးငယ် များမှာ ၂ .၅ … သန်းခန့်ပါဝင်နေပါသည်။ ယခုအချိန်တွင်မူ ထိုစာရင်းများထက် ပိုမို ကူးစက် ခံရပြီး သားလည်း ဖြစ်ပါသည်။ ထို ကလေးငယ်များ၏ စာရင်းထဲတွင် မြန်မာ နိုင်ငံမှ ကလေးငယ်များလည်း ပါဝင်နေပါ သည်။
-
AIDS နှင့် ဆက်စပ် ရောဂါများကြောင့် သေဆုံးမှု ၂၁ ရာနှုန်း ကျဆင်း
လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် AIDS နှင့် ဆက်စပ်သည့် ရောဂါ များကြောင့် သေဆုံးသူဦးရေမှာ ယခုအချိန်တွင် ၂၁ ရာနှုန်း ကျဆင်းသွားပြီ ဖြစ်သည်ဟု ကုလ သမ္မဂ္ဂ အေအိုင်ဒီအက်စ် ဌာနမှ ရရှိသည့် အချက်အလက်များတွင် ဖော်ပြခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာအနှံ့တွင် HIV ကူးစက်မှုနှုန်းမှာ ၎င်း၏ အမြင့်ဆုံး ကာလဖြစ်သည့် ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် ၂၁ ရာနှုန်း ကျဆင်းခဲ့ကြောင်းလည်း ကုလသမ္မဂ္ဂ အေအိုင်ဒီအက်စ် အဖွဲ့၏ ၂၀၁၁ ခုနှစ်အတွက် အစီရင်ခံစာအရ သိရသည်။ ယခုလို နှစ်မျိုးလုံးတွင် ကျဆင်းခဲ့ရခြင်းမှာ ဆေးကုသမှု လုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မှုကလည်း အဓိက အချက်တစ်ချက် ဖြစ်ေ ကြာင်း သိရသည်။ အဆိုပါ အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ တစ်ဦးဖြစ်သူ Michel Sidibe မှ ပြောရာ၌ မိမိတို့ အနေဖြင့် သိသာထင်ရှားသည့် ထိုးဖောက် ကျော်လွှားသည့် အခြေအနေ တစ်ခုသို့ ရောက်ရှိတော့ မည့်ဆဲဆဲ အနေအထားတွင် ရှိနေပြီ ဖြစ်သည်ဟု လည်း ပြောကြားခဲ့သည်။ [...]
-
အရှုံးမပေး
မဇ္ဈိမသို့ ပေးပို့လာသည့် HIV နှင့် အသက်ရှင်နေထိုင်သူတို့၏ ပေးစာများကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ ကာယကံရှင်တို့၏ အမည်များကို ပြောင်းလဲထားသည်။ နွေးထွေးမေတ္တာ လိုနေပါသည်
-
မြန်မာအတွက် ARTဆေး အလှူ လျော့ကျနိုင်
ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရှိ HIV နှင့် အသက်ရှင်နေထိုင်သူ ခုနှစ်သောင်းကျော် ART (HIV ပိုးထိန်းချုပ်ဆေး) လိုအပ်နေချိန် ART ဆေးအတွက် လာမည့်နှစ်များ အတွင်း နိုင်ငံတကာမှ အကူအညီပေးမှုများ လျော့နည်း သွားနိုင်သည်ဟု ဗြိတိန်အခြေစိုက် Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ပြောကြားလိုက်သည်။
-
MMA ဖုန်းလိုင်း နှစ်လိုင်းဖြင့် HIV/AIDS ရောဂါဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နိုင်
ယခု နိုဝင်ဘာလ အတွင်းမှ စတင်ကာ လူငယ်ထု အတွင်းမှာ HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီး သိလို သည်များကို လွယ်ကူစွာ မေးမြန်း ဆွေးနွေးနိုင်ဖို့ ဖုန်းလိုင်းနှစ်လိုင်း ပြုလုပ် ထားတယ်လို့ မြန်မာနို င်ငံ ဆရာဝန် အသင်း MMA မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
-
ပြည်တွင်း၌ HIV/AIDS ရောဂါ ဖြစ်ပွားနှုန်း တဖြည်းဖြည်း လျော့ကျလျက်ရှိ
မြန်မာနိုင်ငံ အတွင်း HIV/AIDS ရောဂါ ဖြစ်ပွားမှုနှုန်းဟာ တဖြည်းဖြည်း လျော့ကျလျက် ရှိတယ်လို့ ရန် ကုန်တိုင်း ဒေသကြီး အတွင်း သူနာပြု တက္ကသိုလ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပ ပြု လုပ်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှ သိရပါတယ်။
-
မြန်မာနိုင်ငံနဲ့ ကမ္ဘာ့အေ့စ် တိုက်ဖျက်ရေးနေ့
မြန်မာနိုင်ငံမှာ အေ့စ် တိုက်ဖျက်ရေး ဘယ်လို တိုးတက်မှု့တွေရှိလာပြီး၊ အဓိက ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်ပါသလဲ။
-
အိတ်ခ်ျအိုင်ဗွီ/အေ့ဒ်စ် ဝေဒနာရှင်များအတွက် အားတက်ဖွယ်ဖြစ်လာ
အမေရိကန်နာမည်ကျော် ဘတ်စကက်ဘောသမား မက်ဂျစ်ဂျွန်ဆင်သည် အိတ်ခ်ျအိုင်ဗွီပိုးရှိသည်မှာ နှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်သော်လည်း ကျန်းမာစွာ ဆက်လက်ရှင်သန်နိုင်ခြင်း အထိမ်းအမှတ် အဖြစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လော့စ်အင်ဂျလိစ်ရှိ စတေပယ်လ်စင်တာခန်းမဆောင်တွင် အခမ်းအနား ကျင်းပခဲ့သည်။
-
HIV ၊ ကာလသားရောဂါနှင့် TG များ ဆက်နွယ်မှု
ယောက်ျားလေးအဖြစ်မှ မိန်းကလေး အဖြစ်သို့ ပြောင်းလဲနေထိုင်သော TG (Transgender) များအတွက် HIV နှင့် ကာလသား ရောဂါများမှာ အလွန်အန္တရာယ်ရှိပါတယ်။ TG များမှာ HIV ဖြစ်ပွားမှုနှုန်းဟာ အခြားသော အုပ်စုများထက် ပိုမိုများပြား နေတတ်ပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုရင် TG တော်တော်များများမှာ HIV ရောဂါပိုး ကူးစက် ခံထားရတယ်လို့ ယူဆနိုင်ပါတယ်။
-
HIV ရောဂါ၏ ပိုး၏ဗီဇသစ် တစ်မျိုး စင်္ကာပူတွင် တွေ့ရှိ
စင်္ကာပူ ။ ။ ပိုမိုပြင်းထန်ဖွယ် ရှိသည့် ခုခံအား ကျဆင်းမှု ကူးစက် ရောဂါပိုး (HIV) ၏ ဗီဇသစ် တစ်မျိုးကို စင်္ကာပူနိုင်ငံတွင် တွေ့ရှိခဲ့ကြောင်း သိရကာ လက်ရှိ ရှိနေသော ဗီဇများ ပေါင်းစပ်ပြီး ယခုလို ပုံစံသစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Tan Tock Seng ဆေးရုံရှိ ကူးစက်တတ်သော ရောဂါပိုးများ လေ့လာရေး ဌာနမှ သုတေသန ပညာရှင်များမှာ ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး AE-B ဟု အမည်ပေးထားသည့် အဆိုပါ ပိုးဗီဇသစ်မှာ လွန်ခဲ့သည့် ၂၀၀၈ မှ ၂၀၀၉ ခုနှစ် အကြားတွင် HIV ဝေဒနာရှင်ပေါင်း ၂၀၀ကျော်ကို လေ့လာခဲ့ပြီးနောက် တွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။
-
ညီအစ်မ နှစ်ယောက်
ဒီနေ့ တနေကုန် အလုပ်ထိုင်ဖြစ်နေတာနဲ့ ညနေပိုင်းမှာ လမ်းမဘက်ကို လမ်းလျှောက်ထွက်ခဲ့တယ်။ လျှောက်နေကျ လမ်းအတိုင်း သွားနေတုန်း ကျမကိုခေါ်သံ သဲ့သဲ့လေး ကြားရတယ်။ ကျမခြေလှမ်းတွေ ရပ်ပြီး ဟိုဟိုဒီဒီ ကြည့်မိတယ်။ ကျမသိတဲ့လူ တယောက်မှ မတွေ့မိဘူး။ သြော်.. ကျမ နားကြားလွဲတာ ဖြစ်မှာပဲဆိုပြီး ကျမ လမ်းဆက်လျှောက် ခဲ့တယ်။ ကျမကိုခေါ်တဲ့အသံ ထပ်ကြားရပြန်တယ်။ ဟုတ်ပါတယ်။ ဒီအသံဟာ ကျမကိုခေါ်နေတာပါ။ ဒီလို အသံထွက်ခေါ်ဖို့အ တွက် သူ တော်တော် အားစိုက်ရတယ်ဆိုတာကို သူ့ အသံကြားရတာနဲ့ သိသာနေပါတယ်။ ကျမဟာ ဘေးပါတ်ဝန်းကျင် ကို သေချာအကဲခတ်ကြည့်နေမိတယ်။
-
လိင်တူချင်းချစ်တဲ့ သူတွေကို ဘုရားသခင်တကယ်မုန်းလား
လွန်ခဲ့တဲ့ သြဂုတ်လတုန်းက ကျမရဲ့အသင်းတော်မှာ “လောင်မြိုက်သော မေးခွန်းများလို့” ဆိုတဲ့ ထူးထူးဆန်းဆန်းအစီအစဉ်လေးတခုကို ပြုလုပ်ဖြစ်ခဲ့ကြပါတယ်။ အဓိက တော့ အသင်းသူအသင်းသားတွေဆီကနေ ရုတ်တရက်မျော်လင့်မထားတဲ့ ဘာသာရေး၊ လူမှုရေးနဲ့ပတ်သက်တဲ့ အလွန်အင်မတန်မှ ခက်ခဲနက်နဲ့ ရှုပ်ထွေတဲ့ မေးခွန်းတွေ၊ အသင်းတော်မှာ ဘယ်သူမှ သိပ်မဆွေးနွေးချင်တဲ့ မေးခွန်းလေးတွေကို လက်ခံဆွေးနွေးတဲ့အစီအစဉ်လေးပါ။ အဲဒီနေ့က မေးခွန်းတွေ သိပ်များလာတော့ ကျမမှာလည်း ဘာမှ ကြိုတင်ပြင်ထားတာမျိုး မရှိတဲ့အခါကျတော့ သူတို့ကို ကတိတခုပေးလိုက်မိပါတယ်။
-
အာရှတောက်တဲ့များ မျိုးသုဉ်းမည့် အန္တရာယ်ရှိနေ
ညတွင် ကျက်စားသော အာရှတောက်တဲ့မျိုးသည် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကို ကုသရာတွင် အသုံးပြုနိုင်သည်ဟု ယူဆမှုများကြောင့် ထိုတွားသွားသတ္တ၀ါကို မှောင်ခိုကူးမှု သိသိ သာသာမြင့်တက်လာကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
-
ကမ်းလင့်နေမယ့်…လက်များ
ရှိုက်ကြီးတငင်ငိုနေတဲ့ ချာတိတ်ကို ကျွန်တော်ကြည့်ရင်း…. သက်ပြင်းတစ်ချက်မှုတ်မိ၏။ ငို..ငို… ၀အောင်သာငိုဟု ထိုချာတိတ်အား ကျွန်တော်ပြောနေမိသည်။ ကျွန်တော့်ထံသို့ရောက်လာသူအားလုံးလိုလိုပင်ဝမ်းပန်းတနည်း (သို့) ရှိုက်ကြီးတငင် ငိုကြစမြဲဖြစ်သည်။ ကျွန်တော့်ထံသို့ရောက်လာချိန်တွင် ကျွန်တော်သည် သူတို့နှင့်တစ်သားတည်းဖြစ်သွားအောင်ပြုလုပ်ရစမြဲဖြစ်သည်။ ငိုနေသောချာတိတ်အား ကျွန်တော်သိုင်းဖက် ကာကျောပြင်အားပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။
-
မဝေးတော့ပြီ ART
ကမ္ဘာပေါ်တွင် ၁၉၈၁ ခုနှစ်မှ စတင် ပေါ်ပေါက် လာခဲ့သော HIV ပိုးသည် ၁၉၈၅ ခုနှစ်တွင် ကမ္ဘာ အရပ်ရပ်သို့ ပျံ့နှံ့ ကူးစက်ပြီး ဖြစ်ရာ ယခုဆိုလျှင် နှစ်ပေါင်း သုံးဆယ် တိုင်ရှိ ခဲ့ပြီဖြစ် ပါသည်။ စာရေးသူ တို့နိုင်ငံတွင်လည်း ၁၉၈၈ ခုနှစ်တွင် HIV ပိုးရှိသူကို စတင် တွေ့ရှိ ခဲ့ပြီး နောက်ပိုင်း ယနေ့အချိန်အထိ ကူးစက် ခံထားရသူများစွာ ရှိနေပြီလည်း ဖြစ်ပါသည်။ အဓိက ကူးစက်နည်းလမ်းများဖြစ်သည့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ မူးယစ် ဆေးဝါးသုံးစွဲရာတွင် ဆေးထိုးအပ်နှင့်ပိုက် ကို မျှဝေသုံးစွဲခြင်း HIV ပိုးရှိသော သွေး သွင်းမိခဲ့ခြင်းနှင့် မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း လေးမျိုးဖြင့် ကူးစက်ခဲ့သည် ဖြစ်ရာ လူတစ်ဦးမှတစ်ဦးသို့ ထပ်မံ ကူးစက်ပြီး ကမ္ဘာ့ကပ်ရောဂါကြီးသဖွယ်ဖြစ်နေပါ တော့သည်။
-
မကာကွယ်ဘဲဆက်ဆံခဲ့လို့ HIVအကူးခံရတဲ့ အသက် ၈၀ အဖိုးအို
တရုတ်နိုင်ငံ Wuhan က အသက်၈၀ အဖိုးဟာ နာတာရှည်အဖျားရောဂါဖြင့် ဆေးကုသရာ HIV ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မုဆိုးဖိုဖြစ်တဲ့ အဖိုးအိုဟာ သွေးအသွင်းအထုတ် မရှိခဲ့ပေ မယ့် အကာအကွယ်မဲ့ ဖိုမဆက်ဆံရာမှာ အားကောင်းခဲ့တယ်လို့ သိရတဲ့အတွက် ဆရာဝန်တွေက ဒီ HIV ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ရာမှ ကူးခဲ့တာဖြစ်မယ်လို့ မှတ်ချက်ချခဲ့ ပါတယ်။
-
အေ့ဒ်စ်ဝေဒနာရှင် စောင့်ရှောက်ရေး အကူအညီပေးရန် ပြင်သစ် သံအမတ် လာရောက်ဆွေးနွေး
တောင်ဒဂုံတွင် ရှိသော HIV/AIDS စောင့်ရှောက်ရေး အဖွဲ့ရှိ ဝေဒနာရှင်များအား ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr. THIERRY MATHOU လာရောက် တွေ့ဆုံ ဆွေးနွေး သွားကြောင်း ၄င်းအဖွဲ့၏တာဝန်ခံ ဒေါ်ဖြူဖြူသင်းက ပြောသည်။ ”အခု သံအမတ် ကိုယ်တိုင် လာကြည့်တာပေါ့။ တစ်ခါမှ လူနာအိမ်ကို မရောက်ဖူးဘူး ဆိုပြီး လာကြည့်တာ။ သူတို့ ဘာတွေ ကူညီပေးရမလဲ၊ ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ဆွေးနွေးခဲ့တယ်”ဟု ဒေါ်ဖြူ ဖြူသင်းက ပြောသည်။
-
သားသားလေး ကျောင်းဆင်းရင် တော်ပါပြီ
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ) ကဲ လာဗျာ ထိုင် ကိုသားကြီး၊ ခင်ဗျားသဘောင်္သီးစားမလား၊ သဘောင်္သီးစားတယ်၊ အိမ်မှာရှိတယ် ငှက်ပျောသီးရော တော်ပြီ မဆာဘူး၊ ခင်ဗျား မန္တလေးရော မသွားဖြစ်ဘူးလား၊ ခင်ဗျားက မန္တလေး မှတ်ပုံတင်နဲ့လေ၊ ARVက အခက်အခဲ မရှိရမှာ။ အင်း မသွားတာ မဟုတ်ပါဘူးဗျာ၊ အရင်တစ်ခေါက်သွား၊ သွေးစစ်၊ စာရင်းသွင်းပြီးကတည်းက မထူတော့တာ၊ ခုချိန်ထိဘဲ။ ဘယ်လိုဖြစ်တာလဲ၊ ခုဆေးရုံကြီးက သူတို့ချိန်းတဲ့ရက် ပျက်ကွက်ရင် ရက်ချိန်းတွေ အဝေးကြီး ရွှေ့ခံရမယ် ကြားတယ်။
-
ကျွန်မ ဘာအမှားတွေ လုပ်ခဲ့လို့လဲ
ကျွန်မနာမည် ရင်ရင်ပါ။ အသက် ၂၇ နှစ်။ ကျမကိုယ်ဝန်ရှိတုန်းက ရပ်ကွက်ဆရာမရဲ့ သွေးစစ်ပေးမှုနဲ့ ၂၀၀၅ ခုနှစ် ၈ လပိုင်းမှာ HIV positive မှန်းသိခဲ့ပါတယ်။ ကျွန်မသေမိန့်ကျတဲ့သူတစ်ယောက်လို ခံစားရပါတယ်။ အလွန်ဘဲ ဝမ်းနည်း စိတ်ထိခိုက်ရ ပါတယ်။ အပြစ်မရှိတဲ့ ကျွန်မရဲ့ ရင်သွေးလေး တစ်ခုခု ဖြစ်သွားမှာကိုမလိုလားပါဘူး။ မိဘတွေ သိမှာလည်း စိုးရိမ်ခဲ့ရပါတယ်။ ကျွန်မခံစားရတာတွေဘယ်သူ့ကို ရင်ဖွင့်ရမှာလဲ။ ကျွန်မနဲ့ HIV/ AIDS ဆိုတဲ့ရောဂါကြီးကိုဘယ်သူတွေ စာနာနားလည်မှာလဲ။ ကျွန်မမှာ HIV ပိုးရှိမှန်း ကျွန်မထက် အရင်သိနေတာကတော့ ပတ်ဝန်းကျင်ပါဘဲ။ ကျွန်မရဲ့ သွေးစစ် တဲ့ အဖြေကို ဆရာမက သူ့ချွေးမကို ဆေးရုံမှာ သွားယူခိုင်းခဲ့တယ်။ အဲဒီချွေးမက ကျွန်မယောင်းမနဲ့ စီးပွား ပြိုင်ဘက်၊ သူက အိမ်မှာ ကျွန်မအကြောင်း ပြောခဲ့တယ်။ ဗူးပေါက်တစ်ရာသာ ပိတ်လို့ရမယ်၊ ပါးစပ်ပေါက် တစ်ပေါက်ကို ပိတ်လို့ မရဘူးဆိုတာ တစ်ကယ်မှန်ပါတယ်။ ကျွန်မမှာ HIV ပိုး ရှိတယ်ဆို တာ တီဗွီကနေ ကြော်ငြာနေစရာ မလိုပါဘူး။ ကျွန်မမိဘ၊ အစ်မနှစ်ယောက်နဲ့ ဆွေမျိုးတွေအားလုံး သိသွားခဲ့တယ်။
-
ကောင်မလေး တစ်ယောက်ရဲ့ ရင်ထဲကကဗျာ
မေမေ ဒီနေ့ကျောင်းမှာ သမီးကိုယ့်နာမည်ကို ပေါင်းတတ်သွားပြီ ဆရာမက မေမေ့နာမည်ရေးပါတဲ့ စာရွက်ဗလာကို ငေးကြည့်ရင်း မျက်ရည်ကျလာတယ် မေမေ့နာမည်မှ သမီးမသိဘဲ မေမေရယ်
-
အလှူ
“အမေပေးတဲ့ လယ်တစ်ကွက် ထွန်လို့ယက်လို့ ကောင်းပါ့ကွာ” တဲ့ မွေ့ယာထက်က အဝတ်ဗလာနဲ့ ငနဲက အဆီပြန်နေတဲ့ မျက်နှာမှအားမနာ ပါးစပ်အရသာခံတတ်သေးတယ်။
-
ကျွန်မယောကျာ်းကိုလည်းပြောပြပေးပါ..
ရန်ကုန်မြို့၊ ဗဟို အမျိုးသမီး ဆေးရုံ တွင် တာဝန် ထမ်းဆောင် ခဲ့စဉ် ဖြစ်သည်။ တစ်နေ့တွင် လက်ထောက်ဆေးရုံအုပ် ဒေါ်သင်းသင်းအေးက တနင်္လာနေ့၌ ဗိုက်ခွဲ၍ ကလေး မွေးပေးရမည့်HIV ပိုး ကူးစက်ခံထား ရသော ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦး အား လာမည့် စနေနေ့တွင် နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်း ဆောင်ရွက်ပေးရန် တာဝန်ပေးလာပါသည်။
-
အထီးမကျန်ပါနဲ့သူငယ်ချင်း! မင်းအနားမှာ ငါတို့ရှိနေမယ်
သူငယ်ချင်းရေ… ငါ့ရဲ့ အခင်မင်ရဆုံး သူငယ်ချင်းရေ.. မင်းဟာ… ငါ့ရဲ့အခင်မင်ရဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်သလို ငါတို့အဖွဲ့ထဲမှာ မင်းဟာ အဖြူစင်ဆုံးနဲ့ အကောင်းဆုံးမိတ်ဆွေတစ်ယောက် ဖြစ်ခဲ့တယ်လေ…
-
ဒီနည်းတွေနဲ့ ကူးစက်နိုင်တယ်
- ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမိခြင်း – ရောဂါပိုးရှိသော မိခင်မှတစ်ဆင့် ရင်သွေးငယ်သို့ ကူးစက်ခြင်း – ရောဂါပိုးပါသော သွေးကို သွင်းမိခြင်း – မသန့်ရှင်းသော ဆေးထိုးအပ်/ပြွန်များ အသုံးပြုခြင်း
-
AIDS ရောဂါကို ပျောက်အောင် ကုသနိုင်သလို ကာကွယ်ဆေး အဖြစ်ပါ သုံးနိုင်မည့် ဆေးသစ်တစ်မျိုး စမ်းသပ်အောင်မြင်
ဟေးစ်ဘိုရို ၊ မေ ၁၂ စမ်းသပ်ဆဲ ဆေးတစ်မျိုးသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ရှိသော မျောက်များကို ရောဂါမှ နိုင်နင်းစွာ ထိန်းချုပ်နိုင်ရန် ကူညီနိုင်ကြောင်း၊ ထိုမှတစ်ဆင့် လူသားများအတွက် HIV ပိုး ကာကွယ်ဆေးနှင့် ကုသဆေးအထိ ဖော်စပ်နိုင်ရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် ဆေးပညာရှင်များက Daily Mail သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ မေလ ၁၂ ရက်နေ့က ကြေညာခဲ့သည်။
























